A training program titled “Veterinary Clinical Study and Animal Health Sciences” in the topic “Common poultry diseases, Prevention and control strategies and Poultry necropsy and its interpretation”

A training program titled “Veterinary Clinical Study and Animal Health Sciences” in the topic “Common poultry diseases, Prevention and control strategies and Poultry necropsy and its interpretation”

       The Office of Extension and Training Kamphaeng Saen (OET.KPS.), through the Research Administration and International Collaboration Unit, under the Division of Education, Research, and Network Development, organized the training program on “Veterinary Clinical Study and Animal Health Sciences” from 3rd to 7th of November 2025, attended by ten (10) livestock officers from the Republic of the Union of Myanmar.
       On November 4, 2025, the morning session was all about the “Common Poultry Diseases, Prevention and Control Strategies, and Poultry Necropsy and Its Interpretation.” The session was held at the Queen Palm Room, Training Building, National Agricultural Extension and Training Center and the lectures and discussions were facilitated by Asst.prof. Kriangkrai Witoonsatian, Asst.prof. Nuananong Sinwat, and Asst.prof. Sittinee Kulprasertsri, lecturers from the Faculty of Veterinary Medicine, Kasetsart University.
       In the afternoon, the participants were engaged in a laboratory activity where they learned and practiced how to conduct the Necropsy – Examination, Pre- and Post-Mortem Examination, Sample Collection and Handling, Performing Necropsy, and Interpretation of Post-Mortem Findings. The session was also conducted by Asst.prof. Kriangkrai Witoonsatian, Asst.prof. Nuananong Sinwat, and Asst.prof. Sittinee Kulprasertsri at the Small Animal Laboratory, Faculty of Veterinary Medicine, Kasetsart University, Kamphaeng Saen Campus.
 
       ကမ်ဖဲန်ဆန် လေ့ကျင့်ရေးနှင့် အသိပညာတိုးချဲ့ရေးရုံး (OET.KPS) မှ ပညာရေး၊ သုတေသနနှင့် ကွန်ရက်ဖွံ့ဖြိုးရေးဌာနခွဲ သုတေသနစီမံခန့်ခွဲမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနစုတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ စီစဥ်ကျင်းပခဲ့သည့် “တိရစ္ဆာန်ဆေးကုသရေးလက်တွေ့လေ့လာမှုနှင့် တိရစ္ဆာန်ကျန်းမာရေးသိပ္ပံ” သင်တန်းအစီအစဉ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ တိရစ္ဆာန်ဆေးကုဆရာဝန် ၁၀ ဦးတက်ရောက်ခဲ့ပါသည်။
    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းအစီအစဉ်တွင် “အဖြစ်များသော ကြက်ငှက်ရောဂါများ၊ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးနည်းဗျူဟာများ၊ ကြက်ငှက်အသေကောင်စစ်ဆေးခြင်းနှင့် ပြန်လည်ဆန်းစစ်ခြင်း” တို့ကို သင်ကြားပို့ချခဲ့ပါသည်။ ဤအစီအစဉ်ကို အမျိုးသားစိုက်ပျိုးရေးအသိပညာတိုးချဲ့ရေးနှင့် လေ့ကျင့်ရေးစင်တာ၊ သင်တန်းဆောင်ရှိ ကွင်းဖလမ်ခန်းမတွင် ကျင်းပခဲ့ပြီး၊ ကစက်ဆတ်တက္ကသိုလ်၊ တိရစ္ဆာန်ဆေးကုသရေးဌာနမှ ကထိကများဖြစ်ကြသည့် လက်ထောက်ပါမောက္ခ ဒေါက်တာ Kriangkrai Vitoonsatien၊ လက်ထောက်ပါမောက္ခ ဒေါက်တာ Nualanong Sinwat နှင့် လက်ထောက်ပါမောက္ခ ဒေါက်တာ Sitthinee Kunprasertsri တို့က ပို့ချဆွေးနွေးပေးခဲ့ပါသည်။
       နေ့လယ်ပိုင်းတွင် သင်တန်းသားများသည် အသေကောင်စစ်ဆေးခြင်း ၊မသေဆုံးခင်နှင့် သေဆုံးပြီးစစ်ဆေးခြင်း၊ နမူနာစုဆောင်းခြင်းနှင့် ကိုင်တွယ်ခြင်း၊ အသေကောင်စစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် စစ်ဆေးပြီးနောက် တွေ့ရှိချက်များကို ကောက်ချက်ချခြင်း စသည့် ဓာတ်ခွဲခန်းဆိုင်ရာလက်တွေ့လုပ်ဆောင်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ထိုအစီအစဉ်ကို ကစက်ဆတ်တက္ကသိုလ်၊ ကမ်ဖဲန်ဆန်ရှိ တိရစ္ဆာန်ဆေးကုသရေးဌာန၏ အသေးစားတိရစ္ဆာန်ဓာတ်ခွဲခန်းတွင် လက်ထောက်ပါမောက္ခ ဒေါက်တာ Kriangkrai Vitoonsatien၊ လက်ထောက်ပါမောက္ခ ဒေါက်တာ Nualanong Sinwat နှင့် လက်ထောက်ပါမောက္ခ ဒေါက်တာ Sitthinee Kunprasertsri တို့က ဦးဆောင်ပြုလုပ်ပေးခဲ့ပါသည်။
Scroll to Top