The 4th day of the international training program on "Precision Semen Technology: Enhancing Fertility Outcomes in Livestock", is another intensive and practical session for the participants.
On September 24 2025, the 4th day of the international training program on “Precision Semen Technology: Enhancing Fertility Outcomes in Livestock”, is another intensive and practical session for the participants. In the morning, they had a workshop on “Semen Evaluation and Cryopreservation” facilitated by Assoc. Prof. Anawat Saengmalee, DVM; and Dr. Suphawit Triwutthanon, DVM; Lecturers from the Faculty of Veterinary Medicine, at Laboratory 2, Faculty of Veterinary Medicine, Kasetsart University Kamphaeng Saen Campus. In the afternoon, the trainees attended lectures and discussion on the “Challenges in Semen Cryopreservation: Basic Principles and Advanced Solutions, Comparing Fresh, Chilled, and Frozen-Thawed Semen in Livestock Breeding, Cutting-Edge Semen Production and Sexed Semen Technology, and Market Insights: Success Stories and Challenges.” The session were delivered by Assoc. Prof. Anawat Saengmalee, DVM; Suphawit Triwutthanon, DVM, Ph.D.; Janchao Lorthongpanich, Ph.D.; and Chuti Laothamathorn, Ph.D., at the Queen Palm Room, National Agricultural Extension and Training Center, Kasetsart University Kamphaeng Saen Campus.
နိုင်ငံတကာလေ့ကျင့်ရေးအစီအစဉ်၏ “မွေးမြူရေးလုပ်ငန်းတွင် တိကျသော အထီးမျိုးရည်ထုတ်လုပ်ခြင်းနည်းပညာများအသုံးပြုကာ သားေအာင်နှုန်းပိုမိုေကာင်းမွန်ခြင်းဆိုင်ရာ အလုပ်ရုံေဆွးေနွးပွဲ” ၄ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၅ခုနှစ်စက်တင်ဘာလ ၂၄ ရက်နေ့ တွင် မြန်မာနိုင်ငံမှကိုယ်စားလှယ်များနှင့် Kasetsart University, Kamphaeng
Saen Campus မှ တာဝန်ရှိသူတို့မှ လက်တွေ့လုပ်ဆောင်ချက်များနှင့်အတူ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပါသည် နံနက်ပိုင်းတွင်Kasetsart University, Kamphaeng Saen Campus အတွင်းရှိ တိရစ္ဆာန် ဆေးပညာဌာန၏ ဓါတ်ခွဲခန်း(၂)တွင် Assoc. Prof. Anawat Saengmalee (DVM)နှင့် Lecturer Dr. Suphawit Triwutthanon တို့မှ နွားထီးမျိုးရည် အရည်အသွေးဆန်းစစ်ခြင်းနှင့် Cryopreservation နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ အခက်အခဲများ ကို တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးကြပါသည် ထို့နောက် အထီးမျိုးရည်အေးခဲခြင်းလုပ်ငန်းစဥ်အဆင့်အဆင့်ကို လက်တွေ့လုပ်ဆောင်ကြပြီး အထီးမျိုးရည်ဆန်းစစ်ခြင်းလုပ်ငန်းစဥ်ကို ထပ်မံလုပ်ဆောင်ကြပါသည် မွန်းလွဲပိုင်းတွင် Kamphaeng Saen Campusရှိ National Institute of Agricultural Extension and Training Home ၏ Queen Palm ခန်းမတွင် Assoc. Prof. Anawat Suphawitgmalee, DVM; Suphawit Triwutthanon, DVM,တို့မှ နွားထီးမျိုးရည်ချောင်းများ ထုတ်လုပ်ခြင်းနှင့်ပတ်သက်လုပ်ငန်းစဥ်များ ကြုံတွေ့လာနိုင်သည့်အခက်အခဲများ နွားမျိုးရွေးချယ်ရာတွင် သတိပြုရမည့်အချက်များကို တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးကြပါသည် ထို့နောက် Dr. Janchao Lorthongpanich; Ph.D.; နှင့် Chuti Laothamathorn, Ph.D., တို့မှ မေထုန်မဲ့နည်းဖြင့်သားစပ်ခြင်း Cutting-Edge Semen and Sexed Semen ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးကြပါသည်
Post Views: 188

